မိုင်းရှူး ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့၌ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက စိတ်ကြိုက်ပန်းချီဆွဲ ပြိုင်ပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆုရွေးချယ်မှုအစီအစဥ်များအား ရှင်းလင်းပြောကြား ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား စိတ်ကြိုက်ပန်းချီဆွဲ ပြိုင်ပွဲဆောင်ရွက်ပေးခဲ့ကာ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူလေးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီး မြှင့်ခဲ့သည်။
အဆိုပါ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)