တာလေမြို့၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

တာလေ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒုတိယဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ''အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်း''ခေါင်းစဉ်ဖြင့် အမျိုးသားနေ့ဟူ၍ သတ်မှတ်ရခြင်းမှာ ဗြိတိသျှမင်းကြီး မက်ဟန်းတား၏ Unitversty အက်ဉပဒေအရ ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို မြန်မာကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၁၀)ရက်၊ ခရစ်နှစ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆန်(ယုဒသန်)ကောလိပ်ကျောင်းသားများ ကန့်ကွက်သပိတ်မှောက်ဆန္ဒပြခဲ့သည့် ပထမကျောင်းသားသပိတ်စတင်မှောက်သည့် နေ့ရက်ကို သတ်မှတ်ခြင်းဖြစ်ကြောင်း အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများအား အကျယ်တဝင့် ဆွေးနွေးဟောပြောသည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက ခင်းကျင်းပြသထားသော အသိပညာပေး စာအုပ်၊ စာစောင်များ၊ အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်သများပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှု့လေ့လာ ကြည့်ရှုသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)