ကာမိုင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ဆိုင်ရာ ကြိုတင် ကာကွယ်ရေး အသိ ပညာပေး နယ်လှည့်ဆောင်ရွက်

ကာမိုင်း    ဖေဖော်ဝါရီ     ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့် တင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး နယ်လှည့်လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ထွယ်ဆန်ယန်ရပ်ကွက်ရှိအခြေခံပညာ မူလတန်းကျောင်း၌ ယမန်နေ့ နေ့လယ်  (၂)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခင်သက်ဦးက ကျောင်းသား ကျောင်းသူများအား လတ်တလော ဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ လက္ခဏာမဖြစ်ပွားနိုင်ရန်အတွက် လက်ကိုရေနှင့် စက္ကန့်၂၀ကြာအောင် ဆပ်ပြာဖြင့်ဆေးကြောကြရန်၊ လူအများစု ရှိရာနေရာတွင် Mask အကာဖြင့် အသုံးပြုကြရန်နှင့် ဆောင်ရန်ရှောင်ရန်းများကိုလည်းကောင်း၊ အသိပညာဗဟုသုတကြွယ်၀စေရန်အတွက် စာပေဖတ်ရှုခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးကို လည်းကောင်း၊ နွေရာသီကျောင်းပိတ်သွားပါက စာကြည့်တိုက်သို့ အစဉ်အမြဲလာရောက်ဖတ်ရှုစေ လိုပါ ကြောင်း၊ လူထုအခြေပြုဗဟိုဌာနအနေဖြင့် စာငှား စာဖတ်လာကြသည့် ကလေးငယ်များအား အခါအားလျော်စွာ ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ပြုလုပ် ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြန်/ဆက်ဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများအား တိုင်းရင်းသားကလေး စာပေနှင့် ဆိုင်သော စာအုပ်များကို ဖတ်ရှုစေခြင်း၊ ကိုရိုနာ ဗိုင်းရပ်စ်(COVID-19)ရောဂါလက္ခဏာဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် သက်ငယ်မုဒိမ်းဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့သည်။

ဇွဲသူရအောင် (ပြန်/ဆက်)