ဝါးခယ်မ ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ Community Centre ခန်းမတွင် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ နံရံကပ်စားစောင်၊ စာအုပ်စာစောင်ပြပွဲများ၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ စာစီစာကုံးနှင့် ဉာဏ်စမ်းပဟေဋိပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလွန်တိုးချဲ့သံကြိုးတိုင် ကျောင်းသား၊ ကျောင်းသူလေးများကို (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင်များပြသခြင်း၊ ဉာဏ်စမ်းပဟေဋိပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူလေးများမှ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းနှင့် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်၍ အချိုရေနှင့် မုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)