သိန္နီမြို့နယ်၌ အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ မဲပုံးနှင့် မဲရုံသုံးပစ္စည်းများထုတ်ပေး

သိန္နီ အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ယနေ့ နံနက်(၁၁)နာရီ အချိန်ခန့် က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြု ရန်အတွက် မဲရုံးသုံးပစ္စည်းများကို ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ စတင်ထုတ်ပေးနေကြောင်း သိရှိရသည်။

ထိုသို့ မဲရုံသုံးပစ္စည်းများကို ထုတ်ပေးရာတွင် မဲပုံး၊ ရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်း စာစောင်များ၊ မဲပေးပုံအဆင့်ဆင့် ဗီဒီယိုခွေများ၊ သိမှတ်ဖွယ်ရာ စာအုပ်များ၊ စည်းမျဉ်း၊ စည်းကမ်း စာအုပ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးများထံသို့ ထုတ်ပေးခဲ့ပြီး ကျန်ရှိသော မဲရုံများအတွက် အောက်တိုဘာလ(၂၇)ရက်နေ့အထိ ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ပြီး ကြိုတင်မဲလက်မှတ်များနှင့် မဲဆန္ဒရှင်စာရင်းစာအုပ်များကို အောက်တိုဘာလ(၂၇)ရက်နေ့တွင် စတင် ထုတ်ပေးမည်ဖြစ်သည်။ ထို့အပြင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်တာဝန်ပေး ခန့်အပ်လွှာများကို အောက်တိုဘာလ (၂၄)ရက်နေ့မှ (၂၅)ရက်နေ့များတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သိန္နီမြိုနယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၃၆)အုပ်စု၊ မဲဂုံပေါင်း(၆၀)ရုံရှိပြီး မဲဆန္ဒရှင်ဦးရေ(၃၈၆၅၀)ဦးရှိ ကြောင်း သိရှိရ သည်။

 ဖိုးချို (ပြန်/ဆက်)