မြင်းခြံ ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အ.မ.က-ချောင်းဒေါင်း(မြောက်)ကျောင်း၌ ယနေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁:၃၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ကျောင်းသား/ ကျောင်းသူများအား နေ့ထူးနေ့မြတ်များကို မမေ့အပ်ပဲ အစဉ်အမြဲ တန်ဖိုးထားသင့်ကြောင်းပြောကြားပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုအဖြစ် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အကျယ်တဝင့် ရှင်းလင်းကာ အသိပညာပေး ဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတများ ရရှိစေရန်အတွက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး သုတ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)