လယ်ဝေး ဒီဇင်ဘာ ၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီက (၁၀၃ )နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် အ.လ.က(ခွဲ)မြို့မနှင့် မူလွန်ဗဟိုကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ ၃၇ ဦးတို့က အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးက ကဗျာရွတ်ပြိုင်ပွဲ၊ ၁၀ ဦးက ပုံပြင်ပြောပြိုင်ပွဲများ အသီးသီး ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
ထိုက်ထိုက်(ပြန်/ဆက်)