ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ပုံပြောကဗျာရွတ်ပြိုင်ပွဲများကျင်းပ

ရေဖြူ ဒီဇင်ဘာ ၈

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က (၁၀၃)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များနှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ နေ့ထူးနေ့မြတ်များအကြောင်းနှင့် အမျိုးသားရေးစိတ်ဓါတ်နိုးကြားထက်သန်ရေး အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ဆက်လက်ကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခတ္တာ(ရေဖြူ)