ရိခေါ်ဒါရ် အောက်တိုဘာ ၂၆
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ အသက် (၉)နှစ်မှ အသက်(၁၀)နှစ်အထိ အမျိုးသမီးငယ်များအား Human Papilloma Virus (HVP) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၂၄ ရက် နံနက် ၈ နာရီတွင် ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရိခေါ်ဒါရ်ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ရိခေါ်ဒါရ်မြို့၊ အမှတ် (၁)ရပ်ကွက်ရှိ အသက် (၉)နှစ်မှ အသက်(၁၀)နှစ်အထိ အမျိုးသမီးငယ် ၁၂ ဦးတို့အား သားအိမ်ခေါင်းကင်ဆာရောဂါ (HVP) ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အဆိုပါကာကွယ်ဆေးနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာရောဂါ (HVP) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ခေါထီရ်ကျေးရွာနှင့် ရိရွာဟောင်းကျေးရွာသို့လည်း ဆက်လက် ထိုးနှံဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)