ကာလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ကာလိ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန အ.မ.က(မိုင်းယိုင်း)ကျောင်းတို့ပူးပေါင်းပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ ကို ယနေ့ နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ပြိုင်ပွဲကျင်းပရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုစိတ် ရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စာကြည့်တိုက်ကို အသုံးချတက်စေရန်၊ ဆေးရောင်များကို လှပစွာခြယ်တက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ ဆေးရောင်ခြယ်ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)