ကျေးသီးမြို့နယ် မြေစိုက်နံရံကပ် ပြဘုတ်တွင် ကိုဗစ်−၁၉ ရောဂါဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ပြသ

 

ကျေးသီး  အောက်တိုဘာ    ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရုံးရှေ့ မြေစိုက် ဘုတ်၌ ကိုဗစ်−၁၉ ရောဂါဆိုင်ရာ သိကောင်းစရာများ အသိပညာ ပေး ရုပ်ပုံများအား ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန် ပြသ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည်သော မိဘ အုပ်ထိန်းမှု အတတ်ပညာ၊ ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်း လုံခြုံမှုအကြောင်း ဆွေးနွေး ရာ၌ ဆောင်ရန်/ရှောင်ရန်များ၊ ကိုဗစ်−၁၉ရောဂါဆိုင်ရာ အချက်အလက်နှင့်ထင်မြင်ယူဆချက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့်ထင်မြင်ယူဆချက်များ၊

ကလေးများနှင့်အတူစာဖတ်ပါ၊ ကလေးနှင့်သတင်းအတူကြည့်ပါ၊ ကိုဗစ်−၁၉ကာလ အတွင်း သတင်း အချက် အလက်ဝန်ပိမှုကိုစီမံခန့်ခွဲခြင်း၊ သတင်း အချက်အလက်ဝန်ပိခြင်းနှင့် သတင်း အချက်အ လက်ရ ယူနိုင်မှု၊ သတင်း အချက်အလက်ဝန်ပိခြင်းဆိုသည်မှာ၊ မိမိသည်သတင်းအချက် အလက်ဝန်ပိနေပြီဖြစ်ကြောင်း မည်သို့ သိနိုင်သနည်း စသည့် အကြောင်းအရာများပါဝင်သည့် ကိုဗစ်−၁၉ရောဂါဆိုင်ရာ အသိပညာ ပေး ရုပ်ပုံများ ပြသထားရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)