တီးတိန်မြို့၌ လူငယ်စကားဝိုင်း ပြုလုပ်

တီးတိန် ဒီဇင်ဘာ ၁၀

ချင်းပြည်နယ် တီးတိန်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးရေးအတွက် ရည်ရွယ်လျက် လူငယ်စကားဝိုင်းကို ဒီဇင်ဘာလ  ၈ ရက် မွန်းလွဲ ၂ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တီးတိန်စံကိုက်ညီကျောင်းဆောင်၌ ပြုလုပ်သည်။

ဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတီးတိန်၊‌ ကျောင်းအုပ်ဆရာမကြီး ဒေါ်မန်းတူလ်းကျိန်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များရှင်းလင်းပြီး လူငယ်စကားဝိုင်းပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ကျိန်ရှင်းရှမ်နှင့် Grade-11 မှ မထန်လမ့်ညာဏ်တို့က စေ့စပ်ညှိနှိုင်းသူများ အဖြစ်ဆောင်ရွက်ကြကာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတီးတိန်၊ Grad-11 မှ မောင်ထန်ရှန်းမွမ်း၊ မကျိန်ငိုက်ကိမ်၊ မောင်မုန်ဇမ်းကိမ်း၊ မထန်လမ့်လွန်းနှင့် မအေးငြိမ်းစံတို့က လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေး၊ ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေး ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ဒေါ်ဒိုင်းခန့်ဒိမ့်(ဦးစီးအရာရှိ)