မိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ‌အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

မိုင်းတုံ ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ  လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ အသိပညာပေဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့ည‌နေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က "လူငယ်တို့၏စိတ်ဓာတ်ခွန်အား" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး နောက်ပြိုင်ပွဲများကိုမြို့ပေါ်ရှိ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပေါင်းသင်းဆက်ဆံရာတွင် ချိုချိုသာသာ‌ပြောတက်သည့် အလေ့အထဖြစ်ပေါ်လာစေရန်၊ စိတ်ဓာတ်ခွန်အားများအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အများအကျိုးကို ဆောင်ရွက်တက်သည့် အ‌လေ့အကျင့်ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်နှင့် ဗဟုသုတများ တိုးပွားလာ‌စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

အဆိုပါ ကျောင်းသား/ကျောင်းသူများမှာ‌ မြို့ပေါ်ရပ်ကွက်မှပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်ဆက်)