မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

မန္တလေး ဒီဇင်ဘာ ၁၁

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ဆရာ‌ချစ်နိုင် (စိတ်ပညာ)၏ လူငယ်နှင့်အောင်မြင်မှု စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်များကို ရှင်းလင်းဆွေးနွေးပြီး Book Club ဥက္ကဋ္ဌကိုယ်စား စာရေးဆရာမင်းမြတ်မိုး(မန်းမြေ)က အောင်မြင်သူများ တွေးကြပုံ၊ လူငယ်နဲ့အောင်မြင်မှု၊ လူငယ်နဲ့အောင်မြင်ရေး၊ အောင်ပွဲခံခြေလှမ်းများ၊ ရိုးသားခြင်း၏ ကြီးမြင့်သော ဂုဏ်၊ ဖတ်စရာစာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဆရာ ဖြိုးမင်းကျော်က ဘဝဟန်ချက် ဤဆယ်ချက်၊ မြန်မာစာပေရေစီးကြောင်း၊ ငယ်စဉ်အခါပညာရှာ၊ ဖတ်စေချင်သော စာတစ်အုပ်အကြောင်း၊ ဆရာမ‌ မေကျော်က စိတ်ထားအလှ၊ ချစ်သောပုဂံမြေသို့၊ အောင်မြင်ရေးအတွက် လက်ကိုင်မူများ၊ ဆရာစိုးဝင်း (ဆသရ)က  ပျိုးထောင်စရာ လက္ခဏာများ၊ အမွေ၊ ဝန်တိုမှုသာ မလှရာ  အစရှိသည့်အကြောင်းအရာများကို ဆွေးနွေးရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)