တနင်္သာရီ အောက်တိုဘာလ၂၆
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ) တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များနှင့် အရေးပေါ် အသုံးပြုနိုင်ရန်အတွက်မြိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရပ်ဘက် ပူးပေါင်းကော်မတီမှ ယမန်နေ့က တန်ဖိုးငွေကျပ်(၆၅၀၀၀၀/-)ရှိ Oxygen Concentrator တစ်လုံးနှင့် PPE ဝတ်စုံ(၁၀)စုံ၊ Surgical Mask (၅၀၀)ခု၊ Surgical Glove (၁၀)ခု၊ ခေါင်းစွပ်(တစ်)ထုတ်၊ ဆပ်ပြာဆီ(၆)ဗူး၊ ရေမလိုလက်သန့်ဆေးရည်(၄)ဗူးနှင့် ခေါက်ဆွဲခြောက်(တစ်ဖာ)တို့ကို လာရောက်ထောက်ပံ့လှူဒါန်း
ရာ တကူ(စံပြ)တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်က လက်ခံရယူ၍ တာဝန်ရှိသူများအား ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)