ပျော်ဘွယ်မြို့ အ-ထ-က-၂(ပန်းစုံ)၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ပျော်ဘွယ် ဒီဇင်ဘာ ၁၂

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ် ၍ အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ပန်းစုံ) တွင် ကျင်းပခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက မူးယစ်အစဆေးလိပ်ကဆိုသည့် စကားနှင့်အညီ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်များ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည့်အကြောင်း အရာများ စသည် တို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးဟောပြောသည်။

ဟောပြောပွဲပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ် စာစောင်များကို ကျောင်းသား၊ကျောင်းသူများက လေ့လာကြည့်ရှုငှားရမ်းခဲ့ကြကြောင်း၊ အလားတူ အ-လ-ကခွဲ(ဆူးချင်ကုန်း)တွင်လည်း အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)