ပုသိမ်ကြီး ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဆိုတော်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါဌာနရှိ ပံသုကျီခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုဦးစီးမှူးဒေါ်မာအေးက နတ်တော်လ စာဆိုတော်နေ့အထိမ်းအမှတ် ပြပွဲ/ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ စာစီစာကုံး၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲတို့အား ကျင်းပခဲ့သည်။
အဆိုပါ ပြပွဲ/ပြိုင်ပွဲများသို့ ပုသိမ်ကြီး အ.ထ.ကမှ (Grade-6) ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါဌာနတွင် ကျင်းပပေးမည့် ပြိုင်ပွဲများမှာ ပုံပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စိတ်ကြိုက်ပန်းချီ၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲများနှင့် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲတို့ကို ကျင်းပပေးလျက်ရှိပြီး၊ ကျန်ရှိသည့်ပြိုင်ပွဲများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)