လောင်းလုံးမြို့နယ်(Community Centre)ခန်းမတွင် (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

လောင်းလုံး ဒီဇင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က (Book Club) အဖွဲ့ဝင်များဖြင့် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားထားသော'' အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ'' စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက အဆိုပါစာဖတ်ဝိုင်းသို့တက်ရောက်လာသော စာပေချစ်သူ(Book Club) အဖွဲ့ဝင် များအား ကျေးဇူးတင်စကားပြောကြားပြီးနောက် ''အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ'' စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာပေချစ်သူ(Book Club)အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး(မယ်ပန်းချီ)က အမှာစကား ပြောကြားခြင်းနှင့် ဆရာမတိုက်ကျွေးသော “အားဆေးစကား”ခေါင်းစဥ်ဖြင့် လည်းကောင်း၊ စာပေချစ်သူအဖွဲ့ဝင်က မဇင်ဇင်ဖြိုးက “တပည့်တွေအကြောင်း”ခေါင်းစဥ်ဖြင့် လည်းကောင်း ဦးဆောင်ဆွေးနွေးကာ တက်ရောက်လာကြသည့် စာပေချစ်သူအဖွဲ့များက စာအုပ်ပါအကြောင်း အရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

သိန်းသိန်း(လောင်းလုံး)