ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ (2019-nCov Acute Respiratory Disease ) ရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဆွေးနွေးပွဲများ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဆောင်ရွက်

ဝမ်းတွင်း ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြိုနယ်အတွင်း မိတ္ထီလာခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှု့အဖွဲ့တို့ ပူးပေါင်း၍ (2019-nCov Acute Respiratory Disease) ရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဆွေးနွေးပွဲ များကို ယမန်နေ့ နေ့လယ် ၂ နာရီက  ဝမ်းတွင်းမြို့နယ် အတွင်းရှိ သဘွတ်ကုန်း စံပြကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဉက္ကဋ္ဌဒေါက်တာဌေးဌေးဝင်းမှ (2019-nCov) ရောဂါအကြောင်း သိရောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ ဉက္ကဋ္ဌ ဒေါ်ခင်လေးခိုင်မှ ကျေးရွာများအရောက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးရခြင်းများနှင့် စပ်လျဉ်း၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ထားထားမှ မိခင်နှင့်ကလေးကျန်းမာရေး ဆိုင်ရာ သိကောင်းစရာများနှင့် (2019-nCov Acute Respiratory Disease)ရောဂါ ကာကွယ်ခြင်း ဆိုင်ရာသိ ကောင်းစရာများ၊ လူထူထပ်သော နေရာများကို ရှောင်ကျဉ်ကြရန်နှင့် မိမိတို့၏လက်များကို သေချာစွာ ဂရုတစိုက်ဆေးကြောကြရန်၊ ရောဂါကာကွယ်ရန် အတွက် Mask တပ်ဆင်ရာတွင်လည်း နည်းစနစ်မှန်ကန်စွာ အသုံးပြုတက်စေရန် လက်တွေ့ သရုပ်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဒေါက်တာ ဌေးဌေးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဉက္ကဋ္ဌ ဒေါ်ခင်လေးခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ထားထားနှင့် လက်ထောက် ဆရာဝန်များ၊ တာဝန်ကျ ကျန်းမားရေးဆရာမများ၊ ကျေးရွာအတွင်းရှိ ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)