မြစ်သား၊ အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကမ္ဘောဇဘဏ်လီမီတက်(မြစ်သားဘဏ်ခွဲ)မှ ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများကို ယမန်နေ့က လာရောက်လှူဒါန်းခဲ့သည်။
မြစ်သားဘဏ်ခွဲမှ မြစ်သားပြည်သူ့ဆေးရုံသို့ ဒုတိယအကြိမ်အဖြစ် PPE ဝတ်စုံ (၂၀၀) စုံနှင့် Surgical gown (၂၀၀)စုံတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိန်ပိုကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်လီမီတက်(မြစ်သားဘဏ်ခွဲ)မှ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ကုသရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်အတွက် ပထမအကြိမ်အဖြစ် မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြလှမြင့်စေတနာ ကျန်းမာရေးဖောင်ဒေးရှင်းတို့အတွက် ငွေကျပ်သိန်း(၁၀၀)၊ Mask (၆၀၀၀၀)ခု၊ ခေါင်းစွပ်(Cap) (၈၀၀) ခု၊ လက်အိတ်(gloves)အစုံ (၆၀၀၀)၊ Face shield(၅၀၀)ခု၊ Handgelဗူး(၄၀၀)၊ PPE ဝတ်စုံ(၁၀၀)စုံနှင့် မျက်မှန် (၁၀)ဖာတို့ကို လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
မြမြမွန်(ပြန်/ဆက်)