လဲချား ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၉ နာရီအချိန်က ကာယစွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက ကျောင်းသား၊ ကျောင်းသူ လူငယ်များ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်၊ ပျော်ရွင်တက်ကြွလန်းဆန်းစေရန်၊ သွက်လက်သည့် လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရန်၊ စာကြည့်တိုက်အား ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်အတွက် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြာကြာပြီး ကာယစွမ်းရည်ဆိုင်ရာ ကစားနည်းပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ပြီး ဆုချီးမြင့်ခြင်းနှင့် အာဟာရမုန့်များ ဝေငှပေးခဲ့ရာ အဆိုပါ ပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၂၈) ဉီး တက်ရောက်ခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ် ပြန်/ဆက်)