တပ်ကုန်း ဖေဖော်ဝါရီ ၁
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ရိုတာဗိုလ်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင် ပါဝင် သော ကာကွယ်(Penta 4)ကို ပုံမှန် ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီခွဲက မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဆရာမ ဒေါက်တာခိုင်သီရိက ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေး (ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး)နှင့်ဆုံဆို့-မေးခိုင်ပါဝင်သော ကာကွယ်(Penta 4)ကို ပုံမှန် ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် စတင်ထည့်သွင်းတိုက် ကျွေးရခြင်းအကြောင်းများ ရှင်းလင်း ပြောကြားပြီး နောက် အသက်နှစ်လသား အရွယ် ကလေးငယ် (၃)ဦးနှင့် ပုံမှန်ကာကွယ်ဆေးထိုး/ တိုက်ကလေးငယ် (၁၇)ဦး၊ စုစုပေါင်း ကလေး(၂ဝ)ဦးအား ကျန်းမာရေး စောင့်ရှောက်ပေးခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဆရာမ ဒေါက်တာခိုင်သီရိနှင့် ကျန်းမာရေး ဆရာ/ဆရာမများ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့၊ ကလေးမိဘများ တက်ရောက်ကြကြောင်း သိရသည်။
တင်စိုးလွင် (ပြန်/ဆက်)