ပလောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile library ဖြင့် စာအုပ်များ ငှားရမ်းပေး

ပလောက်  ဒီဇင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒုဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁ဝနာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ စာအုပ်၊ စာစောင်များအား အခမဲ့ ငှားရမ်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်ဝန်ဆောင် မှုအနေဖြင့် ပြည်သူများစာပေ ဖတ်ရှုလေ့လာခွင့် ရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ Mobile library ဖွင့်လှစ်၍ စာအုပ်များ ငှားရမ်းခဲ့ကြသည်။

အဆိုပါ Mobile library ဖွင့်လှစ်၍ စာအုပ်များ ငှားရမ်းပေးရာတွင် စာဖတ်ပရိသတ်များအား သုတစာအုပ်များ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တု စာအုပ်များနှင့် အသိပညာ ဗဟုသုတများစွာရရှိမည့် စာအုပ်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဥ်လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)