မြင်းခြံ ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲတွင် မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက ကလေးအလုပ်သမားဖြစ်စေသည့် အကြောင်းအရင်းများ၊ ကလေးသူငယ်များ၏အခွင့်အရေး၊ ကလေးအလုပ်သမားမဖြစ်စေရေး ဆောင်ရန်/ရှောင်ရန်များကိုလည်းကောင်း မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအးနွဲ့က တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမားများနှင့် ပတ်သက်၍ "ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားဖြစ်သွားပါက ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတန်မီ ကျောင်းမှမဖြစ်မနေထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်သောအလုပ်ကို အချိန်ကြာမြင့်စွာလုပ်ကိုင်ရန်လိုအပ်ခြင်း၊ ကလေးအလုပ်သမားများအနေဖြင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာ သင်ယူရေးအတူလုပ်ဆောင်နိုင်ရေး" စသည်ဖြင့် ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကလေးအုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား/သူများမှ စိတ်ပါဝင်စားသူများ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)