ပျဉ်းမနား ဒီဇင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ရေးသားထားသည့် “ဂုဏ်၊ အလင်္ကာ၊ ရသ သင်ကြားရေး” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ရေးသားထားသည့် “ဂုဏ်၊ အလင်္ကာ၊ ရသသင်ကြားရေး” စာအုပ်ပါ အကြောင်းအရာများအား မိတ်ဆက်ဆွေးနွေးခဲ့သည်။ ထို့နောက် ပျဉ်းမနားမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာရေးဆရာများဖြစ်သော မေချို(ပျဉ်းမနား)၊ သဘာဝ၊ ဒေါက်တာဇော်ဝင်း၊ ခိုင်းမင်း(နေပြည်တော်)၊ ဒီရာ (စွမ်းအင်း)၊ ကျော်လွင်မြင့်(မှော်ဝန်း)၊ လုံမငယ်(လူမှု)၊ မောင်ကျော်ဇော(ရှင်မတောင်နံ့သာမြေ)၊ ကိုထွန်း(စနေသား)၊ သစ္စာသျှင်၊ ဒေါ်ခင်ချောစု(နေပြည်တော်)၊ ဦးလင်းထွန်းနှင့် စာပေဝါသနာရှင်များက “ဂုဏ်၊ အလင်္ကာ၊ ရသသင်ကြားရေး” စာအုပ်ပါ အကြောင်းအရာများအား အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)