ဘိုကလေး အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယနေ့မွန်းတည့်(၁၂) နာရီအချိန်မှစတင်၍ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘိုကလေးမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်အတွင်းရှိ မဲရုံ(၃)ရုံတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်များအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ပို့ချသည့် ရွေးကောက်ပွဲဆိုင်ရာသင်တန်း တက်ရောက်ခဲ့ကြသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး (၂)ဦးနှင့် အမှတ်(၁၀)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ပူးပေါင်းကာ ဆင့်ပွားသင်တန်းပို့ချသည်။
အဆိုပါ သင်တန်းတွင် မဲရုံအဖွဲ့ဝင်များ ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်များ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ မဲရုံပိတ်ခြင်းနှင့်မဲရေတွက်ခြင်း၊ မဲရုံသုံးပုံစံများ ရေးသွင်းခြင်းနှင့် ရွေးကောက်ပွဲတာဝန်ရှိသူများ စစ်ဆေးရန် အချက်အလက် ဆိုင်ရာများအား ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)