လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး လူနာ ၇ ဦး တွေ့ရှိ

လပွတ္တာ အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ဒိုင်းစုရပ်ကွက် ဓမ္မပါဂလမ်း မှ ပြန်လာသူ အမျိုးသမီး ၂ ဦးနှင့်၎င်းနှင့်ထိစပ်သူ(၅)ဦးထံမှ covid -19 ရောဂါပိုးတွေ့ရှိကြောင်း ယမန်နေ့ကသိရသည်။

ဖြစ်စဉ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး မီးဖွားရန်အတွက် အောက်တိုဘာ ၁၄ ရက်နေ့က သမီးဖြစ်သူနင့်အတူ ဆန်ကုန်တင်ရေယာဉ်ဖြင့် လိုက်ပါလာခဲ့ရာ ၎င်း နှင့် ထိစပ်သူ(၁၈)ဦးထံမှ SWabနမူနာရယူခဲ့ရာ ဘီတွတ်ကျေးရွာမှကျား(၂)ဦး၊ မ(၁)ဦး၊ မြစ်ပေါက်ကျေးရွာမှကျား(၁)ဦး မ(၁)စုစုပေါင်း(၅)ဦးသည် Positive လူနာဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။

ဝင်းကျော်မြင့် (လပွတ္တာခရိုင် ပြန်/ဆက်)