ပျော်ဘွယ် ဒီဇင်ဘာ ၁၈
ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ သင်္ချာဉာဏ်စမ်းသုတပြိုင်ပွဲကျင်းပခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က ဒီကနေ့ကျင်းပပြုလုပ်တဲ့ သင်္ချာဉာဏ်စမ်းသုတ ပြိုင်ပွဲကတော့ ကျောင်းသား/ကျောင်းသူတွေ ဉာဏ်ရည်ထက်မြက်စေဖို့၊ ကျောင်းစာတင်မက ပြင်ပဗဟုသုတတွေရရှိစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ပြိုင်ပွဲကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး ပြိုင်ပွဲကိုဆက်လက်ကျင်းပခဲ့သည်။
အလယ်တန်းအဆင့် သင်္ချာဉာဏ်စမ်းသုတပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၅)ဦး၊ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို မကြာမီပြုလုပ်မည့် ဆုချီးမြှင့်ပွဲတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)