ပလောက်မြို့ အမှတ်(၃)ရပ်ကွက်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်

ပလောက် အောက်တိုဘာ ၂၆

ပလောက်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပလောက်မြို့ အမှတ် (၃) ရပ်ကွက်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့ နံနက်(၉) နာရီအချိန်ခန့်က ပလောက်မြို့ အမှတ်(၃)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆင့်ပွားသင်တန်းတွင် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်များ၏ အခန်းကဏ္ဍ၊ တာဝန်ဝတ္တရား၊ မဲရုံသုံးပုံစံများရေတွက်ခြင်း၊ မဲရုံ ပိတ်သိမ်းခြင်းနှင့် ရေတွက်ခြင်း၊ မဲရုံပိတ်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ မဲပေးခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ရာတွင်  ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ရန် မဲရုံမှူးနှင့် ဒုတိယ မဲရုံမှူးက အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပလောက်မြို့ အမှတ်(၃)ရပ်ကွက်တွင် ဆန္ဒမဲပေးနိုင်သူ (၅၄၉) ဦးရှိပြီး မဲရုံ(၁)ရုံရှိကာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် (၈)ဦးဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပလောက်မြို့၊ အမှတ် (၃) ရွေးကောက်ပွဲကော်မရှင် ဉက္ကဋ္ဌထံမှ သိရသည်။

နှင်းမြူလွင်