ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

ညောင်တုန်း  ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာမ ခင်‌စောတင့်ရေးသားသော "ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်"စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း‌ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးစန်းမြင့်နှင့် နာယကဦးချစ်စိုး၊ (Woman Club) အဖွဲ့ဝင် ဒေါ်အေးမိစံတို့က "ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်" စာအုပ်မှ ရွှင်လန်းပေါ့ပါးတဲ့ ရှုထောင့်ကကြည့်ပါ၊ ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်၊ မိမိကိုယ် ကိုကြင်နာပါ၊ ဘဝထဲက အပြုသဘောမဆောင်တာတွေကို ဖယ်ရှားပါ စသည့်စာအုပ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ (Woman Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့‌‌သည်။

ထို့နောက် အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်များများဖြင့် စာအုပ်ပြပွဲကိုကျင်းပရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)