မိုင်းယောင်း အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မဲရုံများအတွက် မဲရုံးသုံးပစ္စည်းများကို ယနေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Service-OSS)၌ ထုတ်ပေးခြင်းခဲ့ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မိုင်းယောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်း၊ အတွင်းရေးမှူး ဦးစိုင်းမှိုင်ခမ်းနှင့် ကော်မရှင်အဖွဲ့ခွဲဝင်များက စနစ်တကျ စစ်ဆေး၍ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ရပ်/ကျေးစာရေးများအား မဲရုံများအတွက် မဲရုံးသုံးပစ္စည်းများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း