ပုဂံမြို့ မိုးကုတ်ဝိပဿနာတရားစခန်းအတွင်း Facility Quarantine ဝင်ရောက်သူများလာပါက အဆင်သင့်ပြင်ဆင်ထားရှိ

ပုဂံ အောက်တိုဘာ ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့သစ်၊ ကျန်စစ်သားရပ်ကွက်အတွင်းရှိ မိုးကုတ် ဝိပဿနာတရားစခန်းအတွင်းတွင် အသစ်ထပ်မံရောက်ရှိခဲ့သော နေရပ်ပြန်များရှိလာပါက Facility Quarantine ထားရှိရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယနေ့တွင် ပုဂံနယ်မြေ မီးသတ် စခန်းမှ စခန်းတာဝန်ခံ ဦးဥက္ကာ (ဒုတိယဦးစီးမှူး) ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် နေရာထိုင်ခင်း ကြိုတင် ပြင်ဆင်ခြင်း များ ဆောင်ရွက်ခဲ့ကြကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ထံကသိရသည်။

မိုးကုတ်ဝိပဿနာ တရားစခန်းအတွင်းတွင် တစ်ခန်းလျှင်တစ်ယောက်နှုန်းဖြင့် ဆယ်ဦးထားရှိ နိုင်သော  ၅၀ ပေ၊ ၂၆ ပေရှိ ယောဂီဆောင် သုံးဆောင်အတွင်း လူဦးရေ သုံးဆယ်ဦးခန့်ထားရှိ နိုင်ရေးအတွက် နေရာချထားနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း၊ ထိုအဆောင်များတွင်‌ ရေမီးနှင့် အများသုံးအိမ်သာများကိုလည်း ဆောင်ရွက်ထားရှိကြောင်း၊ လေဝင် လေထွက်ကောင်းမွန်ပြီး တမာပင်များ၏ အရိပ်အာဝါသကြောင့်အေးချမ်းမှုရှိပြီး နေထိုင်ရန် အဆင်ပြေမှုရှိကြောင်း ညောင်ဦး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုထိန်၊KPD