ဓနုဖြူ အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အောက်တိုဘာလ၂၆ရက်နေ့ နံနက်၈နာရီ အချိန်ခန့် က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံးသုံးပစ္စည်း များကို ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ ထုတ်ပေးကြောင်းသိရသည်။
ထိုသို့ မဲရုံသုံးပစ္စည်းများကို ထုတ်ပေးရာတွင်မဲရုံ၌ အသုံးပြုမည့် မဲပုံး၊ ဆန္ဒပြုခန်း၊ ခြင်းတောင်း၊ ချိတ်ထိုးတံဆိပ်တုံး၊ ဆန္ဒပြုတံဆိပ်တုံးများ၊ လုံခြုံရေးကြိုးများ၊ ဆာလာအိတ်များ၊ စတစ်ကာများနှင့် မဲရုံတွင်အသုံးပြုရမည့်ပုံစံများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးများထံသို့ ထုတ်ပေးခဲ့ ကြောင်းသိရသည်။
ဓနုဖြူမြိုနယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၈၁)အုပ်စု၌ မဲရုံပေါင်း(၁၆၄)ရုံရှိပြီး မဲဆန္ဒရှင်ဦးရေ (၁၄၅၇၂၅)ဦးရှိ ကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)