မိုင်းဖြတ်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)၏ စာဖတ်ဝိုင်း ကျင်းပ

မိုင်းဖြတ် ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အနေဖြင့် လစဉ် စာဖတ်ဝိုင်းများကို ကျင်းပလျက်ရှိရာ ယမန်​နေ့ နံနက် ၁၀ နာရီက နှလုံးသားယဉ်ကျေးမှု စာစုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်   စာရေးဆရာ ကျော်ဝင်းဟိန်း ရေးသားထားသည့် နှလုံးသားယဉ်ကျေးမှုစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရာ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က စာရးသူ၏ အမှာစကားနှင့် မုဒိတာစကားခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးမျိုးတင့်က စကားကို ဆင်ဆင်ခြင်ခြင်ပြောပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး ဦးအောင်မြတ်မိုးက သစ်တစ်ပင်ကောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်မျိုးသီရိဦးက မိခင်၏ စွန့်လွှတ်အနစ်နာခံမှု ခေါင်းစဉ်တို့ဖြင့်လည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)