ပန်းတနော်မြို့နယ်၌ ဗျောက်အိုးများ၊ မီးရှူးမီးပန်း၊ ယမ်းလိပ်များ စည်းကမ်းမဲ့စွာပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန် လိုက်လံအသိပေး

ပန်းတနော်   အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် နှစ်စဉ်သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်များ၌ ဗျောက်အိုးများ၊ မီးရှူးဒိုင်းများ၊ မီးပန်း၊ ယမ်းလိပ်များ စည်းကမ်းမဲ့စွာ ပစ်ဖောက်လျက်ရှိသဖြင့် ထိုသို့မပြုလုပ်ကြရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  ယနေ့ နံနက်ပိုင်း၌ မြို့အတွင်းလိုက်လံအသိပေးကြေညာခဲ့သည်။

ယခုလာမည့် သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်များတွင် မိမိတို့မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများ၌ အများပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်စေခြင်း၊ အထိတ်တလန့် ဖြစ်စေနိုင်ခြင်း၊ မီးဘေးအန္တရာယ်များဖြစ်စေနိုင်သည့်အတွက် ဗျောက်အိုးများ၊ မီးရှူးဒိုင်းများ၊  မီးပန်း၊ ယမ်းလိပ်များပစ်ဖောက်ခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်း၊ စည်းကမ်းမဲ့စွာ ပစ်ဖောက်ခြင်းများ ပြုလုပ်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)