ကျောက်ဆည်မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆန္ဒမဲလက်မှတ်များထုတ်ယူ

​ကျောက်ဆည် အောက်တိုဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘဘာ(၈)နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသက်(၆၀)နှစ်အထက်နှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေး ဆန္ဒမဲလက်မှတ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များမှ ယနေ့နံနက် ၈နာရီခွဲက မြန်မာ့စီးပွားရေးဘဏ်မှ သွားရောက်ထုတ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲလက်မှတ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များမှ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအား  ယနေ့နှင့် (၂၇) ရက်နေ့တို့တွင် ရပ်ကွက်/ကျေးရွာ များကွင်းဆင်း၍ စနစ်တကျ ပေးပို့ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၇) အုပ်စုရှိရာ အသက် (၆၀) နှစ်အထက် အသက်အရွယ်ကြီးရင့်သူများနှင့် ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၆၃၅၉) ဦး ရှိကြောင်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များမှ အဖွဲ့(၆)ဖွဲ့ခွဲ၍ ကြိုတင်ဆန္ဒမဲ လက်မှတ်များ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ စနစ်တကျ ရောက်ရှိ ရေး ပြည်သူများ စိတ်ချမ့်မြေ့စွာဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဒေါ်နွဲ့နွဲ့ခိုင်က ပြောပြ၍ သိရသည်။

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)