မိုးမိတ် အောက်တိုဘာ ၂၆
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ဒုတိယမဲရုံမှူး ၊မဲရုံအဖွဲ့ဝင် များအား ရွေးကောက်ပွဲဆိုင်ရာ မဲရုံသရုပ်ပြခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က လက်ခုတ် တန်းရပ်ကွက် မဲရုံအမှတ်(၁)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမင်းလွင်က မဲရုံမှူး၊ ဒုတိယမဲရုံမှူး ၊မဲရုံအဖွဲ့ဝင် များအား ရွေးကောက်ပွဲမတိုင်ခင် လုပ်ဆောင်ရမည့် ကြိုတင်ပြင်ဆင်မှု များ၊ မဲပေးခြင်းလုပ်ငန်းအဆင့်ဆင့် နှင့်ဆောင်ရန်၊ရှောင်ရန်များ ၊ အကူအညီလိုအပ်နေသူ မဲဆန္ဒ ရှင်များ ဆန္ဒမဲပေးခြင်း အဆင့်ဆင့်တို့နှင့် မဲရုံပိတ်ခြင်း ၊မဲရေတွက်ခြင်း၊ ပယ်မဲ၊ ခိုင်လုံမဲပေး ခြင်းတို့ကို ရှင်းလင်းပြော ကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မြစပယ် က မဲလက်မှတ်ထုတ်ပေးပုံ၊ဆန္ဒမဲပေးပုံအဆင့်ဆင့်နှင့် လက်တွေ့ ဆောင်ရွက်ရာ အဆင်ပြေချောမွေ့စေရေးနှင့် ကိုဗစ်ကာလဖြစ်သည်နှင့်အညီ ကျန်းမာရေးလမ်း ညွှန်ချက်များ နှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်လင်း ပြောကြား ခဲ့ကာ မြို့နယ်ရဲစခန်းမှ မိသားစုဝင်များနှင့်မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲများက ဆန္ဒမဲပေးခြင်းတွင် လာရောက်လေ့လာ သရုပ်ပြ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် မဲရုံပေါင်း (၆၈ ) ရုံရှိပြီး မိုးမိတ်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေမှာ ( ၄၇၀၀၀) ကျော်ခန့်ရှိကြောင်းသိရသည်။
မိုးမိတ်သား(စည်သူဌေး)