ကျွန်းစု အောက်တိုဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း မြို့မဈေးမှတစ်ဆင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ဈေးအတွင်းရှိ ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးရဲကျော်သူ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်း များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦး၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်မိုးမိုးနွယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေးအတွင်း ကုန်စိမ်းရောင်းချသော ဒိုင်များ၊ သား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ရောင်းချသည့် ပျံကျဈေးသည် များ၊ ဈေးရောင်းသူ/ဝယ်သူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာမှု ရှိ/မရှိ ကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)