နွားထိုးကြီးမြို့နယ်၌ အသက် (၆၀) နှစ်အထက် ကြိုတင်ဆန္ဒမဲပေးမည့်သူဦး​​ရေ ၂၆၂၀၀ ကျော်ရှိ

နွားထိုးကြီး အောက်တိုဘာ ၂၆

မန္တ​လေးတိုင်း​ဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပ မည့် ပါတီစုံဒီမိုက​ရေစီ အထွေ​ထွေ​ရွေး​ကောက်ပွဲတွင် အသက် (၆၀) နှစ်အထက် ကြိုတင်ဆန္ဒမဲပေးမည့်် သူဦး​ရေ ၂၆၂၀၀ ကျော်ရှိကြောင်း မြို့နယ်​ရွေးကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါ အသက် (၆၀) နှစ်အထက် သက်ကြီးဘိုးဘွားများကို​ အောက်တိုဘာ ၂၉ ရက်​နေ့မှစတင်၍ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်မဲများပေးရမှာဖြစ်ပြီး ကျန်းမာရေး မကောင်းမွန်သည့် သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ သွားမည်ဖြစ်ရာ ကြိုတင်မဲများ လာရောက်ပေးနိုင်သော သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်ရှင် အဖွဲ့ခွဲရုံးများသို့ ကိုယ်တိုင် သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်မည်ဖြစ်သည်။

နွားထိုးကြီးမြို့နယ်အ​နေဖြင့် မဲရုံ ၂၂၀ ရုံရှိပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာထားမှုအရ ဆန္ဒမဲ​ပေးပိုင်ခွင့်ရှိသူ ၁၆၁၀၈၆ ဦးရှိကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)