တန့်ယန်းမြို့နယ်တွင် မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်အား မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

တန့်ယန်း  အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်အား မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းသားများ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက အမှတ်()အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ၂၀၂၀-ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား၊ သင်တန်းသူ (၁၅၈)ဦးတို့ကို မဲရုံလုပ်ငန်းများနှင့် မဲပေးပုံ အဆင့်ဆင့်အား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးစိုင်းယီထွန်းနှင့် ဒေါ်ခင်မြသီတို့က  သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် တားဆီးရေး လမ်းညွှန်ချက်နှင့်အညီ အဖွဲ့နှစ်ဖွဲ့ခွဲ၍ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)