ပြင်ဦးလွင်၊ အောက်တိုဘာ ၂၆
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဦးလွင်မြို့ရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ(၂၀၀)ဦးကို ယနေ့တွင် RDT Test Kit ဖြင့်ကိုဗစ်- ၁၉ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အထူးရဲများကို သင်တန်းကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ထားရှိခဲ့ပြီး အထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ (၂၀၀)ဦးအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှနှာခေါင်းတို့ဖတ်ရယူစစ်ဆေးပေးခဲ့ရာ ကိုဗစ် ၁၉ ပိုးမတွေ့ရှိကြောင်း ခရိုင်ကျန်းမာရေးဦးစီးမှူးထံမှ သိရသည်။
မြတ်ဆုမွန်