မြောင်းမြ၌ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

မြောင်းမြ မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဇန်နဝါရီ ၊ ဖေဖေါ်ဝါရီ၊ မတ်) သုံးလစာအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယနေ့ နံနက်တွင်   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်ထွေးရီနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများနှင့်အတူ အမှတ်(၁၀)ရပ်ကွက်ရှိ အဘွားဒေါ်ခင်ကြည်ထံ အိမ်တိုင်ယာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

နိုင်ငံတော်မှပေးအပ်သော အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်များကို မြောင်းမြခရိုင် မြောင်းမြမြို့နယ်အတွင်း(၁၀၆၂)ဦး၊ အိမ်မဲမြို့နယ်တွင်(၇၈၇)ဦး၊ ဝါးခယ်မမြို့နယ်တွင်(၇၇၂)ဦး၊ စုစုပေါင်း အဘိုးအဘွား(၂၆၂၁)ဦးကို လူမှုရေးပင်စင်အဖြစ် ထောက်ပံ့ကြေး ပေးအပ်လျက်ရှိကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။        

အောင်မင်း (မြောင်းမြ)