မင်းတပ်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ယခင်နှစ်ထက် (၄၅၀၀)ကျော် တိုးလာ

မင်းတပ် စက်တင်ဘာ  ၂၇

မင်းတပ်မြို့နယ်အတွင်း ယခုနှစ် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေမှ ယခင်နှစ်ထက် ဦးရေ(၄၅၀၀)ကျော် တိုးလာကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။

မင်းတပ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးမြင့်အောင်က "၂၀၁၅ ခုနှစ် မှာ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတုန်းက မင်းတပ်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်းက (၂၅၈၅၈)ဦးပဲရှိခဲ့တာ၊ အခု ၂၀၂၀ပြည့်နှစ်၊ ရွေးကောက်ပွဲနေ့မှာ မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင် စုစုပေါင်းက ယနေ့အထိတော့ (၃၀၆၂၁)ဦးရှိတယ်၊ မဲဆန္ဒရှင်စာင်းကတော့ ထပ်တိုးလာတာလည်း ရှိနိုင်ပါသေးတယ်" ဟုပြောကြားသည်။

မင်းတပ်မြို့နယ်အတွင်း ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း ၁၁၂ ရုံဖြင့် ကျင်းပခဲ့ပြီး ၂၀၂၀ပြည့်နှစ်၊ ပါတီစုံတီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံ(၄)ရုံတိုးချဲ့ပြီး မဲရုံပေါင်း (၁၁၆)ရုံဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)