မတူပီ အောက်တိုဘာ ၂၇
ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ပြီး မတူပီ-မင်းတပ်မြို့ အဝင်ဂိတ်၊ မတူပီ−ပလက်ဝလမ်းဂိတ်နှင့် မတူပီ−ဟားခါးလမ်းရှိ ဖနိုင်ကျေးရွာအဝင်ဂိတ်များတွင် ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါဂိတ်များ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်နိုင်ရေးအတွက် ခရီးသွားပြည်သူများ ခရီးသွားရာဇဝင် မေးမြန်းခြင်း၊ မှတ်တမ်းကောက်ယူခြင်းခရီးသွား ပြည်သူများ၏ ဒေသခရီးသွားထောက်ခံစာများ ပါ/မပါ စစ်ဆေးခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေခြင်း၊ နှာခေါင်းစည်း(Mask)တပ်ဆင်ရန် အသိပညာပေးခြင်း၊ ဟောင်းနွမ်းသော နှာခေါင်းစည်း အသုံးပြုသူများကို အသစ်လဲပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်မှုများတွင် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီနှင့် မတူပီမြို့ရှိ လူမှုအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့များ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက ညွှန်ကြားချက်များနှင့်အညီ နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး ထူးခြားမှုများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်( ပြန်/ဆက်)