မတူပီ အောက်တိုဘာလ ၂၇
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူးများ သင်တန်းကို မတူပီမြို့နှစ်ခြင်း ဘုရားကျောင်းနှင့်ဇိုတုန်နှစ်ခြင်းဘုရားကျောင်း၌ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ ခရိုင်လဝကမှူး ဦးစိုင်းသန်းလှိုင်၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၁) ဒေါ်စိုးစိုးအောင်၊ မြို့နယ်ပညာရေးမှူး ဦးတင်လွေး၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (ဥက္ကဋ္ဌ) ဦးအဲလ်စန်းတွဲ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလျန်ထန်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀ နာရီက သင်တန်းခန်းမသို့ လာရောက်၍ သင်တန်းသူ/သားများနှင့် ကြည့်ရှုအားပေးခဲ့သည်။
မဲရုံမှူး သင်တန်း တက်ရောက်နေသည့် သင်တန်းသားများအား ရွေးကောက်ပွဲကို တရားမျှတပြီး အကောင်းဆုံး အသန့်ရှင်းဆုံးဖြစ်အောင် စနစ်တကျဆောင်ရွက်ရန် ကပ်ရောဂါ ကာလဖြစ်သည့်အတွက် ကျန်းမာရေးဆိုင်ရာများကို ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်ရန်၊ မဲရုံပြင်ပလုပ်ငန်းဆိုင်ရာများကို ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် စသည်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)