ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ဖျာပုံ    ဒီဇင်ဘာ   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် ပူးပေါင်း၍ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍  စာဖတ်ဝိုင်းကို ​ယမန်နေ့ ​နေ့လယ်(၁)နာရီအချိန်က ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန CommunityCentre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (BookClub)ဥက္ကဋ္ဌစာရေးဆရာ ကဗျာဆရာ ဇေယျာဘုန်းမြင့်က စာမဖတ်ရင် စာမတတ်ဘူး၊ စာဖတ်မှ စာတတ်မည်ဖြစ်ပါတယ်။ ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတရရှိ​စေသော စာပေများကိုလေ့လာ ဖတ်ရှုဖို့လိုကြောင်း၊ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားဖို့လိုကြောင်း အသိပညာပေး ဆွေးနွေးပြောကြားသည်။ ထို့​နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဆရာကြီး ဦးကျော်မြင့် စာရေးဆရာ(မောင်ယဥ်မိုး)က စာရေးဆရာ တင်ညွန့် ရေးသားသော ပညာပါရာဒိုင်းစာအုပ်မှ "ပညာဟူသည်နှင့် ၂၁ ရာစုနှင့် (C)(၆)လုံးပညာရေး"ဆောင်းပါးအား ရှင်းလင်းဆွေးနွေးပြောကြား​ပြီး၊ အငြိမ်းစားကျောင်းဆရာကြီး ဦးကျင်မြင့်၊ ရှေ့နေဦးဝေဇင်၊ စာရေးဆရာတင်နိုင်ဝင်း(ထမင်းစျေး)တို့က အသီးသီးဖြည့်စွက်ဆွေးနွေးပြောကြားကြသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များ​က သိရှိလိုသည်များအား အသီးသီးပြန်လည် ​မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်