လေးမျက်နှာ ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ရှမ်းရွာကျေးရွာတွင် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုရီယား ရာသီဥတု ပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်း ဆောင်ရွက်သော စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်းအကောင်အထည်ဖော်မည့်သူများအတွက် မီးဖိုပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီ အချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် ဦးစီးမှူး နော်တပိုးရာက စွမ်းအားမီးဖို အသုံးပြုပုံများကို လည်းကောင်း၊ ကျေးလက် ဒေသများတွင် လောင်စာထင် သုံးစွဲမှုလျော့ချလာနိုင်ခြင်း၊ သစ်တောများ ပြန်းတီးမှုကို ကာကွယ် နိုင်ခြင်း၊ Carbon Credit များ ရရှိလာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်စေရန် ကျေးလက်နေပြည်သူများအား ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းရွာကျေးရွာအတွက် စွမ်းအားမြှင့်မီးဖိုအလုံးရေ (၃၉၄) လုံးကို ကျေးလက်နေပြည်သူများ၏ လက်ဝယ်အရောက် (အခမဲ့) ဖြန့်ဝေ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)