ဇလွန်မြို့နယ်တွင် မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်အား မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် လက်တွေ့သရုပ်ပြ

ဇလွန်  အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံလုပ်န်းများနှင့် မဲပေးပုံအဆင့်ဆင့်အား မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က အ.မ.က တတောင်ကွေ့ကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး ၊ ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များနှင့် မဲရုံလုပ်ငန်းများ၊ မဲပေးပုံ အဆင့်ဆင့်အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥက္ကာသန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးရေး လမ်းညွှန်ချက်နှင့်အညီ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)