ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနတို့ ပူးပေါင်း၍ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ(COVID-19) ကာကွယ်ရေး နည်းလမ်းများ နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက တောင်ခြေကျေးရွာ ဘုန်းတော် ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်တင်ထွေးရီက အသိပညာပေး ဟောပြောပွဲ လာရောက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမျိုးသမီးကျန်းမာရေးဆိုင်ရာများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် နေ့စဉ်ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ရှင်းလင်း ဟောပြောသည်။
ဆက်လက်၍ ပွေးကျစ်တိုက်နယ် ကျန်းမာရေးဌာနမှ ဦးမျိုးသီဟအောင်(ကြီးကြပ်-၁)က လတ်တလော ဖြစ်ပွား နေသည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19 ) နှင့်ပတ်သက်၍ စတင်ဖြစ်ပွားမှု အခြေအနေများနှင့် လက်ရှိအထိ ဖြစ်ပေါ် ကူးဆက်နေမှုနှင့် သေဆုံးမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ကူးဆက်ရောဂါဖြစ်ပွားနိုင်သည့် အခြေအနေများနှင့် ရောဂါကူးဆက်ခံရသူ၏ လက္ခဏာများ၊ ရောဂါကူး ဆက်မှုမခံရအောင် ဆောင်ရန်/ရှောင်ရန် အချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် သားဖွားဆရာမ ဒေါ်ခင်မျိုးချစ်က လက်ဆေးရမည့်နည်းစနစ်များနှင့် နှာခေါင်းစည်း (Mask) တပ်ဆင် အသုံးပြုရမည့် နည်းလမ်းများကို လက်တွေ့ ရှင်းလင်းပြသပြီး ပညာပေးဟောပြောပွဲကိုရုပ်သိမ်းလိုက်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောက်ပန်းတောင်းမြို့နယ်မိခင်နှင့်က လေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်တင်ထွေးရီနှင့် အဖွဲ့ဝင်များ၊ ပွေးကျစ်တိုက်နယ် ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်(၁) ဦးမျိုးသီဟအောင်နှင့် ကျန်းမာ ရေးဝန်ထမ်းများ၊ တောင်ခြေကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ အိမ်ထောင်စုဝင်များစုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)