မန္တလေးမြို့ ဌာနဆိုင်ရာများသို့ မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာအုပ်၊ စာစောင်များ သွားရောက် ငှားရမ်း

မန္တလေး ဒီဇင်ဘာ ၂၆

ပြည်သူများ စာပေဗဟုသုတရရှိစေရန်၊ မိမိတို့အားလပ်ချိန်ကို စာပေဖတ်ရှု့ခြင်းဖြင့် အသုံးချနိုင်စေရန်၊ စာအုပ်၊စာစောင်များကို အချိန်တိုအတွင်း လွယ်လင့်တကူ အဆင်ပြေစွာ ငှားရမ်းဖတ်ရှု နိုင်စေရန်၊ ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် တိုင်းစီမံကိန်းရုံးနှင့် ခရိုင်စီမံကိန်းရုံးရှိ အရာထမ်း၊ အမှုထမ်းနှင့် မိသားစုဝင်များအား သုတ/ရသ စာအုပ်စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရာထမ်း၊ အမှုထမ်းနှင့် မိသားစုဝင်များ ငှားရမ်းဖတ်ရှုလိုသည့် သုတ၊ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့လည်း မည်သူမဆို လာရောက်အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ရုပ်ပြနှင့် အသိပညာဗဟုသုတ များစွာရရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၁၃၅၀)အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သောစာအုပ် များကို (၇)ရက်လျှင် တစ်ကြိမ်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)